|
IT Business Plan Contest 2012 ပြိုင်ပွဲ |
|
၁။ နိဒါန်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) နှင့် Japan နိုင်ငံ CIESF တို့ပူးပေါင်း၍ IT Industry ဖွံဖြိုးတိုးတက်လာစေရေး၊ Cloud Application နှင့် Mobile Application ဆိုင်ရာ ဆန်းသစ်သောနည်းပညာများပေါ်ထွက်လာစေရေးနှင့် စွန့်ဦးတီထွင်ဖန်တီးလိုသော လူငယ်လူရွယ် များ၏ ထူးချွန်ထက်မြက်သောအရည်အသွေးများပြသနိုင်စေရေး ဟူသော ရည်ရွယ်ချက်များဖြင့် IT Business Contest ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။
၂။ ရည်ရွယ်ချက် (က) မြန်မာ ဂျပန်ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည် ရင်းနှီးမှု ပိုမိုရရှိနိုင်စေရန်။ (ခ) IT Industry တွင် ထူးချွန်ထက်မြက်သော မြန်မာလူငယ်လူရွယ်များ ပေါ်ထွက်လာ စေရန်။ (ဂ) စွန့်ဦးတီထွင်ဖန်တီးလိုသော လူငယ်လူရွယ်များ၏ ထူးချွန်ထက်မြက်သော အရည် အသွေးများ ပြသနိုင်ပြီး ရင်းနှီးမြှပ်နှံလိုသူများပေါ်ထွက်လာစေရန်။ (ဃ) တိုးတက်ပြောင်းလဲနေသော IT ဆိုင်ရာ နည်းပညာများ၊ တီထွင်ဆန်းသစ်မှုများကို ပိုမို နားလည်သိရှိနိုင်စေရန်။
၃။ ပြိုင်ပွဲအမျိုးအစား Category : • Cloud Application • Mobile Application အထက်ပါ ပြိုင်ပွဲအမျိုးအစား (၂) မျိုးအနက်မှ မိမိနှစ်သက်ရာ မည်သည့်ခေါင်းစဉ်ကို မဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။
၎။ ဆုကြေး ဆု (၃) ဆု ရွေးချယ်ပြီး ပထမဆု(ဒေါ်လာ ၃၀၀၀)၊ ဒုတိယဆု(ဒေါ်လာ ၂၀၀၀)၊ တတိယဆု (ဒေါ်လာ ၁၀၀၀)တန်ဖိုးနှင့်ညီမျှသောဆုကို ပေးပါမည်။
၅။ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူများ မြန်မာနိုင်ငံသား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်လျောက်လွှာများကို www.myanmarictaward.org တွင် download ရယူနိုင်သည်။ ပြိုင်ပွဲဝင်မည့် Project များကို ၂၀၁၂ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ရုံးခန်းသို့ ရုံးချိန်အတွင်းပေးပို့ရမည်။ အသေးစိတ်သိရှိလိုပါက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်၊ အဆောင်(၁)၊ အခန်း(၁) ဖုန်းနံပါတ်- ၆၅၂၃၀၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
|
|
|
Myanmar ICT Awards 2011(Educational Project )List |
|
Winner List
| Srno. |
Project Title |
Name/ Organization Name |
Award Title |
| ၁ |
ကမ္ဘာ၊ လနှင့် နေတို့လှည့်ပတ်ခြင်း |
ဦးစိုးရွှေအောင်၊ ပုသိမ်ပညာရေးကောလိပ် |
Edu Project (Teacher) |
| ၂ |
How to distinguish a chemial change from a physical change |
မယမုံမြတ်မွန်နှင့် အဖွဲ့ ၊ အထက(၁)ဒဂုံ |
Edu. Project(High) |
| ၃ |
အာကာသ၏အသုံးဝင်ပုံ |
မောင်ဥက္ကာကျော်၊ အထက(၆) မော်လမြိုင် |
Edu. Project (Middle) |
| ၄ |
ရုပ်ပုံ၊ စနစ်ပုံ နှင့် မြေပုံများ |
မထက်ထက်နိုင်ဝင်း၊ အလက(၃)ဟင်္သာတ |
Edu. Project (Primary) |
| ၅ |
လ၏ပုံသဏ္ဍန်ပြောင်းလဲခြင်း |
မောင်ရှင်းသန့်ကျော်၊ အထက(၉)မော်လမြိုင် |
Merit Award |
|
|
|