|
Report from the Judge Pannel |
|
1. Website of the year 2009
|
|
|
|
Weight:
|
15%
|
20%
|
15%
|
20%
|
10%
|
20%
|
100%
|
|
Sr
|
Project Title
|
Feature
|
Market Potential
|
Uniqueness
|
Quality
|
Use Of Technology
|
Benefits
|
TOTAL
|
|
1
|
bobo.6te.net
|
7.20
|
7.00
|
6.60
|
5.90
|
5.80
|
7.00
|
6.63
|
|
2
|
myanmardaily.net
|
6.20
|
6.20
|
6.40
|
5.90
|
6.70
|
6.90
|
6.36
|
|
3
|
onlineictreader.com
|
6.80
|
6.40
|
5.90
|
6.00
|
6.10
|
6.70
|
6.34
|
|
2. Mobile Application of the year 2009
|
|
|
|
Weight:
|
15%
|
20%
|
15%
|
20%
|
10%
|
20%
|
100%
|
|
Sr
|
Project Title
|
Feature
|
Market Potential
|
Uniqueness
|
Quality
|
Use Of Technology
|
Benefits
|
TOTAL
|
|
1
|
pocket pitaka
|
6.21
|
6.36
|
7.71
|
7.00
|
6.79
|
7.64
|
6.97
|
|
2
|
sm3 Myanmar Traditional Calendar
|
4.21
|
4.86
|
5.29
|
5.36
|
5.71
|
5.43
|
5.13
|
Marking Scheme
- Features : Number of Features and Type of Features
- Market Potential : Current Market Share; Potential of the Product; Popularity, interest from target audiance
- Uniqueness : Original Contents; Number of competitors; Similar products in the market
- Quality : User Friendlyness; Usefulness to target audiance
- Technology : Best use of suitable features from available technologies
- Benefit : Benefit to the Target market; Society, Man-kind
ဆုရရှိသော Website နှင့် Mobile application များအား အဖွဲ့ဝင် (၁၅)ဦးပါဝင်သော အကဲဖြတ်အဖွဲ့၏ ပေးထားသော အမှတ်များ ဖြစ်ပါသည်။ Judge တစ်ဦးစီက Feature, Market Potential, Uniqueness စသည့် Factor (၆)ခုကို အခြေခံကာ တစ်မှ တစ်ဆယ်အထိ အမှတ်ပေးကြပြီး ရမှတ်များကို Weight ဖြင့် တွက်ချက်ပျှမ်းမျှပြုလုပ်ထားခြင်းဖြစ်ပါသည်။
Website of the Year ဆုအတွက် bobo.6te.net က အမှတ်ပေါင်း 6.36 ဖြင့် ဆုရရှိခဲ့ပါသည်။ လောကနတ်စာပေမှ ကလေးများ အတွက် ရည်ရွယ်၍ မိမိတိုက်မှထုတ်သော ဘိုဘိုကာတွန်းများ၊ ပုံပြင်များကို Online မှ အလွယ်တကူ ဖတ်ရှုနိုင်အောင် တင်ထားခြင်းဖြစ်ပါသည်။ အပြင်အဆင်အနေဖြင့် ကလေးများအကြိုက် အရောင်များ ကာတွန်းရုပ်ပုံများ ဝေေ၀ဆာဆာ တန်ဆာဆင်ထားပါသည်။ အဖွဲ့ဝင်ကလေးဦးရေ (၇၀၀)ခန့်ရှိပါသည်။ ကလေးများအား ကာတွန်းဖတ်ရင်း Internet နှင့် ရင်းနှီး ကျွမ်းဝင်အောင် မိတ်ဆက်ပေးနိုင်သော site ဖြစ်သောကြောင့် ကလေးလူငယ်ထုတစ်ရပ်လုံးအတွက် အလွန်အကျိုးရှိသော website တစ်ခုဖြစ်သည်ဟု သုံးသပ်တင်ပြအပ်ပါသည်။ Features, Uniqueness, Quality တို့တွင် အခြား website များထက် အမှတ်ပိုရသွားသောကြောင့် ဆုဆွတ်ခူးရရှိသွားခြင်းဖြစ်သည်ဟု သုံးသပ်ပါသည်။
ဤကဲ့သို့သော website တစ်ခုကို free hosting, free sub-domain name ဖြင့် static page အများစုနှင့်သာ တည်ဆောက် ထားခြင်းမှာလည်း စိတ်ဝင်စားစရာအချက်တစ်ချက်ဖြစ်ပါသည်။ Use of technology တွင်မူ runner up ဆုရ website နှစ်ခုထက် အမှတ်နည်းနေသည်ကို တွေ့ရပါသည်။ သို့ရာတွင် ယခုဆုသည် CMS သုံးရင် ဘယ်နှစ်မှတ်၊ blog engine သုံးရင် ဘယ်နှစ်မှတ်၊ Forum feature ပါရင် ဘယ်နှစ်မှတ်ဆိုပြီး အမှတ်ပေးသော ပြိုင်ပွဲမဟုတ်ပါ။ Target Audiance အတွက် Society အတွက် ဘယ်လောက်အကျိုးကျေးဇူး ဖြစ်ထွန်းစေသလဲ၊ မိမိရည်ရွယ်ချက်ကို ပြည့်မီဖို့ လက်ရှိနည်းပညာ (availabe technology)များထဲမှ မိမိနှင့်သင့်လျော်သော နည်းပညာများကို မည်သို့ အသုံးပြုတည်ဆောက်ထားသလဲ ဆိုသည်ကို အဓိက ဇောင်းပေး၍ အကဲဖြတ်ခြင်းဖြစ်ပါသည်။ Runner-up website နှစ်ခုသည်လည်း ဆုရရှိသော bobo.6te.net နှင့် အမှတ် ကွာခြားမှု အနည်းငယ်သာရှိသည်ကို တွေ့ရှိရပါသည်။
Mobile Application of the Year ဆုကို Pocket Pitaka mobile application မှ ရမှတ်စုစုပေါင်း 6.97 ဖြင့် ဆွတ်ခူးရရှိခဲ့ပါသည်။ တရားဟော ဓမ္မစရိယများ၊ သုသေတီများအတွက် တိပိဋ္ဋက ကျမ်းစာများမှ မိမိသိရှိလိုသော စာလုံးများ ကို လျှင်မြန်လွယ်ကူစွာ ရှာဖွေ reference လုပ်နိုင်ရန် ရည်ရွယ်ရေးသားထားသော mobile application တစ်ခုဖြစ်ပါသည်။ လူသားထုအတွက် အကျိုးကျေးဇူးများပြားခြင်း၊ အသုံးပြုရ ရိုးရှင်းလွယ်ကူခြင်း၊ ခိုင်မာသော ဈေးကွက်ရှိနေပြီဖြစ်ခြင်း၊ ဈေးကွက်ဆက်လက် ရရှိမည့် အခွင့်အလမ်းများ ရှိနေခြင်း၊ မိမိရည်ရွယ်ချက်ပြည့်မြောက်အောင် သင့်လျော်သော Search Technology ကို အသုံးချထားခြင်းတို့ကို တွေ့ရှိရပါသည်။
|
|
|
ဆုရွေးချယ်ရာတွင် နယ်ပယ်အသီးသီးမှ အများလေးစားသော ပညာရှင်၊ လုပ်ငန်းရှင် ပုဂ္ဂိုလ်များ ပါဝင်သော အကဲဖြတ်အဖွဲ့များဖြင့် စီစစ်ရွေးချယ်သွားပါမည်။ ထိုသို့ စီစစ် ရွေးချယ်ရာတွင်လည်း ရွေးချယ်မည့် စည်းမျဉ်းများကို ကြိုတင်ကြေငြာပြီး၊ တိကျရှင်းလင်း သော၊ တရားမျှတသော ရွေးချယ်စီစစ်ပုံဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားပါမည်။
အချို့ဆုများကို အကဲဖြတ်အဖွဲ့ဝင်များဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ အချို့သောဆုများကိုမူ အများ ပြည်သူနှင့် ကွန်ပျူတာလောကသား၏ အဆိုပြုမှုများကို အဓိကထားရွေးချယ် သွားပါမည် ။ |
|
|
|
|
|
|